Artbox

ဟာသကမ္ဘာ (Funny World)

#8,476 Facebook Messenger Global Rank

ဟာသကမ္ဘာ (Funny World) မှ ကြိုဆိုပါတယ်။

ဒီ Page လေးရဲ့ ရည်ရွယ်ချက်ကတော့ Facebook ပေါ်မှာ ရှိတဲ့ သူငယ်ချင်းများကို ပြုံးပျော်ကြည်နူးစေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ဖွင့်ထားခြင်းဖြစ်ပါတယ်။ ဒီ ပေ့ခ်ျလေးမှာ သုတ၊ ရသ၊ ဟာသ နှင့်ထူးဆန်းထွေလာများ၊ ပေါက်ကရလေးဆယ် ၊ ထွေရာလေးပါး စသဖြင့် အထွေထွေဘက်ပေါင်းစုံကနေ ရသမျိုးစုံ ခံစားနိုင်အောင် တတ်စွမ်းသလောက်တင်ပေးနေပါတယ်။ ဟာသကမ္ဘာ ဆိုတဲ့အတွက်ကြောင့် ဟာသပုံများကို ဦးစားပေးတင်ပြီး အခြား ဗဟုသုတဖြစ်ဖွယ်ရာပုံများ စိတ်ဝင်စားဖွယ်ကောင်းသော ပုံများ၊ ပေါက်ကရလေးဆယ်များနှင့် ဆန်းဆန်းပြားပြားပုံများကိုလည်း Fan များအတွက် တင်ပေးနေပါတယ်။ တင်ထားတဲ့ ပုံတိုပတ်စများ 90% ဟာ အွန်လိုင်းပေါ်ကပဲမို့ ကြိုက်တာ ရှိရင်လည်း ခွင့်မတောင်းပဲ လွတ်လပ်စွာ Share ယူနိုင်ပါတယ်။ Funny World ဟာ Facebook ပေါ်က Page တစ်ခုသာလျှင်ဖြစ်ပြီး ဘာမှ ထူးထူးဆန်းဆန်း ကြီးကြီးကျယ်ကျယ် မဟုတ်ရပါဘူးခင်ဗျာ။ သူငယ်ချင်းတို့လည်း သုတ၊ ရသ၊ ဟာသများနဲ့ဆိုင်တဲ့ ပုံတွေ စာတိုပေစလေးတွေ ဗီဒီယိုလေးတွေကို share/upload များလုပ်ပေးနိုင်ပါတယ်။

နိုင်ငံရေးနှင့်ပတ်သက်၍ အချင်းများစေနိုင်သောပိုစ့်များ ၊ ဘာသာရေးနှင့် လူမျိုးရေးကို ထိခိုက်စေသော ပိုစ့်များ ပုံများ ဗီဒီယိုများ စာသားများနှင့် Pornography များအား မတင်ကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။

ကျနော်တို့နဲ့ဆက်သွယ်လိုတယ်ဆိုရင်တော့ [email protected] ဒါမှမဟုတ် Page ကို Message ပို့ပြီးပဲဖြစ်ဖြစ်ဆက်သွယ်နိုင်ပါတယ်။

ဟာသကမ္ဘာ(Funny World) ကိုဝင်ရောက်ကြည့်ရှုသူအပေါင်း ရယ်မောပျော်ရွှင်လို့ စိတ်နှလုံးချမ်းမြေ့ပါစေ။ ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ။

  • Funny World's Admins Team
Chat  on Messenger  on Messenger

Need a chatbot for your business?

Explore 6 Education chatbot templates for Messenger on the Botmakers marketplace

Vote for ဟာသကမ္ဘာ (Funny World)